
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

Covid-19 ကာလအတွင်း Future Proofing Myanmar Real Estate Sector: Building Industry Resilience in the face of Crisis Webinar ကို Colliers International Myanmar မှ ဦးစီး၍ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ Panelist အဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ Webinar တွင် Colliers International Myanmar, Managing Director Mr. Karlo Pobreမှ Moderator အဖြစ် ဆောင်ရွက်၍ မြန်မာအခြေစိုက် Max Cement, PwC နှင့် Yoma Land တို့မှ တာဝန်ရှိ သူများကလည်း Speakers များအဖြစ် ဆောင်ရွက်ခဲ့ကြကာ ပါဝင်ဆွေးနွေးခဲ့ကြပြီး တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများနှင့် ဟောင်ကောင် (SAR) တို့မှ ရင်းနှီး မြှုပ်နှံလိုသူ ဦးရေ (၅၀)ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။
