
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၇ ရက်နေ့၌ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များမှ ဦးဆောင်၍ ကုမ္ပဏီရေးရာဌာနခွဲမှ ဌာနတွင်း ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ် ပထမပိုင်းတွင် ကုမ္ပဏီများမှ Visa သက်တမ်းတိုး ထောက်ခံချက် လျှောက်ထားခြင်းကို Online မှ တင်ပြခြင်းအတွက် Software ရေးဆွဲသည့် Myanmar Digital IT Solution Co., Ltd. မှ CEO ဦးငြိမ်းမင်းဦးမှ တင်ပြခြင်းနှင့် အစီအစဉ်ဒုတိယပိုင်းတွင် ကုမ္ပဏီရေးရာဌာနခွဲမှ လုပ်ငန်းဆိုင်ရာ များ ရှင်းလင်းတင်ပြခြင်းအပေါ် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနခွဲများမှ အကြံပြုဆွေးနွေးခဲ့ကြပါသည်။
