(၃၄) ကြိမ်မြောက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု စာရင်းအင်း ဆိုင်ရာ အာဆီယံ နိုင်ငံများ လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

Print Friendly, PDF & Email

(၃၄) ကြိမ်မြောက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ အာဆီယံနိုင်ငံများ လုပ်ငန်းအဖွဲ့ အစည်းအဝေးအား Video Conferencing စနစ်ဖြင့် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးနှင့် ညွှန်ကြားရေးမှုး ဉီးကျော်ဝင်းထွန်း အပါအဝင် စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ သက်ဆိုင်ရာ အရာထမ်းများ ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး  အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံအလိုက်ဖြစ်ပေါ် တိုးတက်မှု များအား ဆွေးနွေးခဲ့ကြပါသည်။