
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(၃၄) ကြိမ်မြောက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ အာဆီယံနိုင်ငံများ လုပ်ငန်းအဖွဲ့ အစည်းအဝေးအား Video Conferencing စနစ်ဖြင့် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးနှင့် ညွှန်ကြားရေးမှုး ဉီးကျော်ဝင်းထွန်း အပါအဝင် စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ သက်ဆိုင်ရာ အရာထမ်းများ ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံအလိုက်ဖြစ်ပေါ် တိုးတက်မှု များအား ဆွေးနွေးခဲ့ကြပါသည်။
