
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၁။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၌ (၃/၂၀၂၀)ကြိမ်မြောက် ဝန်ထမ်း များဆန္ဒဖော်ထုတ်ပွဲကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်နေ့ ၁၅၀၀နာရီချိန်တွင် ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ဌာနခွဲများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ သင်တန်းအမှတ်စဉ်(၄)၌ A+ အဆင့် ၂ ဖြင့် စာပေထူးချွန်ဆုရရှိခဲ့သည့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်စောသက်စုဝင်းအား ဂုဏ်ပြုဆုပေးအပ် ချီးမြှင့်ခြင်း၊ အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၁၁၄)တွင် သင်တန်းသားစံပြဆုရရှိခဲ့သည့် ဒုတိယဦးစီးမှူး ဒေါ်ရတနာစိုးအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်းနှင့် အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ်(၁၁၃)၌ အဆင့် ၂ ဖြင့် သာမန်အထက်ရရှိခဲ့သည့် ဒုတိယဦးစီးမှူး ဒေါ်နှင်းဝတ်ရည်အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့ပါသည်။



