“VALENTIS TITELINE LTD” သို့ ကွင်းဆင်းခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ခေတ်မီစက်ယန္တရားများကို အသုံးပြု၍ သတ္တုတူးဖော်ခြင်း၊ စမ်းသပ်ရှာဖွေခြင်းဆိုင်ရာ လုပ်ငန်းများအတွက် သတ္တုတူးဖော်စမ်းသပ်သည့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျှက်ရှိသော “Valentis Titeline ltd” သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့်ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။