“မြန်မာပေါင်းစည်းစွမ်းအား ကုမ္ပဏီလီမိတက်” သို့ ကွင်းဆင်းခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် နိုင်ငံတကာအဆင့်မီ ထရန်စဖော်မာများ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်လျှက်ရှိသော “မြန်မာပေါင်းစည်းစွမ်းအား ကုမ္ပဏီလီမိတက်” သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့်ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။