
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ United Nations Economic and Social Commission for Asia and the Pacific (UNESCAP)နှင့် DaNa Facility (UK Aid) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့ရေး အလုပ်ရုံ ဆွေးနွေးပွဲ (အထက်မြန်မာပြည်)အား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိရာ ဆွေးနွေးပွဲ နောက်ဆုံးနေ့ဖြစ်သည့် ဇွန်လ ၂၁ ရက်နေ့တွင် Mr Marc Proksh, UNESCAP နှင့် Mr Le Minh Tuong, Danang Investment Promotion Agency(IPA Danang)တို့မှ တိုင်းဒေသကြီး နှင့် ပြည်နယ်များ တွင် ထိရောက်ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုအေဂျင်စီများ တည်ထောင်ခြင်း/ပိုမို ကောင်းမွန် အောင် ကြိုးပမ်းခြင်းအပိုင်းအား ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများကလည်း တက်ကြွစွာ ပါဝင်ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ အလုပ်ရုံဆွေးနွေးပွဲအား ညနေပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။




