
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေး အသိပညာမျှဝေပေးခြင်း အခမ်းအနားကို ကယားပြည်နယ် ဖားဆောင်းမြို့ရှိ (သံလွင်ဖားစည်) မြို့နယ်ခန်းမ၌ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ အပါအဝင် ကယားပြည်နယ်အတွင်းမှ လုပ်ငန်းရှင် စုစုပေါင်း ၁၆၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ဝန်ကြီးချုပ် မှ အဖွင့်အမှာစကား ပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က “Business Knowledge Sharing” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ် က “ရင်းနှီးမြှုပ်နှံမှုနှင့်ခရီးသွားကဏ္ဍ” ခေါင်းစဉ် ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး အခမ်းအနားကို (၁၅:၃၀) နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်း ခဲ့ပါသည်။
