မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီးနှင့် တွေ့ဆုံခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ Mrs. Suphatra Srimaitreephithak ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေတွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။