
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် (၂)ဦးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်း(၃) ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် China Fortune Land Development Co., Ltd ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Beijing မြို့နှင့် Gu’an မြို့တို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့ရာ ဒုတိယနေ့ဖြစ်သည့် ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင် CFLD Co., Ltd ၏ ရုံးချုပ်သို့ သွားရောက်လေ့လာခဲ့ပါသည်။ အဆိုပါရုံးချုပ်တွင် တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာကောင်းများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ကျင်းပပြုလုပ်ခဲ့ ပါသည်။ ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် CFLD Co., Ltd မှ ဘေကျင်းမြို့ တွင် တည်ထောင်သော Incubator သို့ သွားရောက်လေ့လာခဲ့ပါသည်။ အဆိုပါ Incubator သည် Beijing မြို့ရှိ လုပ်ငန်းစတင်တည်ထောင်သည့် နည်းပညာဆိုင်ရာ လုပ်ငန်းများ အတွက် အထောက်အကူပြုစေရန်အတွက် တည်ထောင် ထားခြင်း ဖြစ်ပါသည်။


