
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင် (၂) ဦးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာ ထမ်း (၃) ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် China Fortune Land Development Co., Ltd ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Beijing မြို့နှင့် Gu’an မြို့တို့သို့ လေ့လာရေးခရီး အဖြစ် ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ သွားရောက်ခဲ့ပါသည်။
လေ့လာရေးခရီးစဉ်၏ ပထမနေ့အဖြစ် Gu’an New Industrial City သို့ သွားရောက်လေ့လာခဲ့ပြီး၊ Gu’an Exhibition Hall တွင် Gu’an မြို့ အာဏာပိုင် အဖွဲ့အစည်းမှ Chef of Gu’an County ဖြစ်သူ Mr. Wa’ng, Huiyun ဖြစ်သူနှင့် တွေ့ဆုံခဲ့ပြီး ၊ Gu’an New Industrial City တည်ထောင်မှုနှင့်စပ်လျဉ်းသည့် အတွေ့ အကြုံများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာကိုယ်စားလှယ်များမှလည်း သိရှိလိုသည် များကို မေးမြန်းခဲ့ကြပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် Gu’an New Industrial City အတွင်းရှိ EMT Gu’an Eternal Material Technology Co.,Ltd , e-commerce JD Co.,Ltd , Gu’an Aerospace Industry Base Co., Ltd နှင့် Global Accelerator for the Biomedical Industry လုပ်ငန်းများသို့ သွားရောက်လေ့လာခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ သိရှိလိုသည်များ ကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။

