ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခဲ့ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဉီးအောင်နိုင်ဉီးသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့်  အပျိုဆောင်(၁၂၀ ပေ x ၄၀ ပေ)နှင့် အိမ်ထောင်သည်လိုင်းခန်း (၈၀ ပေ x ၆၀ ပေ) RC ၆ ခန်း တွဲ ၄ ထပ်ဆောင် ၂ လုံး တည်ဆောက်ခြင်းနှင့် 200 KVA, 11/0.4 KV Transformer and power station တပ်ဆင်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းအပိုင်းအလိုက် ပြီးစီးမှုနှင့် ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံစစ်ဆေးပြီး၊ လုပ်ငန်းစဉ်အဆင့်အလိုက် အသုံးပြုသည့် ပစ္စည်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီစွာ အသုံးပြုတည်ဆောက်ရေး၊ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူးအလေးပေး ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပါသည်။