
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ((JICA) တို့ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော အဖွဲ့ဝင် (၂၀)ဦး ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အတွေ့အကြုံများကို လေ့လာရန် သွားရောက်လျက်ရှိရာ လေ့လာရေးခရီးစဉ် ပဉ္စမနေ့ (၂၀၁၆ခုနှစ်၊ သြဂုတ်လ ၁၂ရက်) နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိMinistry of Planning and Investment၊ Department of Planning and Investment သို့သွားရောက် လေ့လာခဲ့ကြပါသည်။ ထို့နောက် Ho Chi Minh City People’s Committee သို့ သွားရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်မှုများအား ဆွေးနွေးခဲ့ကြပါသည်။
နေ့လည်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ Investment Promotion Centre South Vietnam (IPCS) သို့သွားရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို လေ့လာဆွေးနွေး ခဲ့ကြပါသည်။









