
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီးစဉ်သွားရောက်ခြင်း၏ တတိယနေ့ အစီအစဉ်အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် Vietnam-Myanmar Investment Seminar ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ ဗီယက်နမ်နိုင်ငံ စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့မှ မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး နှစ်နိုင်ငံကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။



