
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ((JICA) တို့ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော အဖွဲ့ဝင် (၂၀)ဦး ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အတွေ့အကြုံများကို လေ့လာရန် သွားရောက်လျက်ရှိရာ လေ့လာရေးခရီးစဉ် ဒုတိယနေ့ (၂၀၁၆ခုနှစ်၊ သြဂုတ်လ ၉ရက်) နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အနီး Ha Nam ပြည်နယ် Dong Van II Industrial Zone ရှိ Honda Factory သို့ သွားရောက်လေ့လာခဲ့ကြပါသည်။ ယင်းနောက် Ha Nam ပြည်နယ် People’s Committee နှင့် တွေ့ဆုံခဲ့ကာ ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ အတွေ့အကြုံများကို လေ့လာ ဆွေးနွေးခဲ့ကြပါသည်။မြန်မာကိုယ်စားလှယ်အဖွဲ့သည် နေ့လည်ပိုင်းတွင် ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့ Thang Long Industrial Park သို့ ရောက်ရှိခဲ့ကြပြီး ဗီယက်နမ် နိုင်ငံ၏ Industrial Park များအား စီမံခန့်ခွဲမှုအတွေ့အကြုံများနှင့် လုပ်ငန်း ဆောင်ရွက်ပုံ အဆင့်များကို လေ့လာဆွေးနွေးခဲ့ကြပါသည်။





