
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးH.E Mr. Charles Rivkin နှင့် အမေရိကန်ကုမ္ပဏီများအား ကိုယ်စားပြုသည့် အမေရိကန် အာဆီယံ စီးပွားရေး ကောင်စီမှကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ တွဲဖက်အတွင်းရေးမှူးအား ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E Mr. Scot Marciel တက်ရောက်ခဲ့ပါသည်။