
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၂၀၁၇ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့ မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူးချုပ် ကိုယ်စား စီမံကိန်း နှင့် စာရင်းအင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းသည် ရင်းနှီးမြှုပ်နှံမှုဌာနခွဲ-၂ မှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်အောင်နှင့်အတူ Agence Francaise de Development (AFD)မှ စီးပွားရေးပညာရှင် Mr. Stephanie Margat ဦးဆောင်သော အဖွဲ့အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) ၌ တွေ့ဆုံ၍ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်သောဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ကြော်ငြာစာများ အကြောင်းအား ရှင်းလင်းခဲ့ပြီး Mr. Stephanie Margat သည် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံအား စွမ်းအင်ကဏ္ဍ၊ ရေရရှိရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် မြို့ပြဖွံ့ဖြိုးရေးကဏ္ဍများတွင် ပြင်သစ်အစိုးရနှင့် AFD တို့မှ ကူညီဆောင်ရွက်ပေးမှု အခြေအနေများအား ဆွေးနွေးခဲ့ပါသည်။
