
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၁၇ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် (၆) ကြိမ်မြောက် မြန်မာ-စင်ကာပူ ဝန်ကြီး အဆင့် ပူးတွဲလုပ်ငန်းကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန် သွားရောက်လျက်ရှိသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦး တို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် Singapore International Commercial Court နှင့် SPRING Singapore တို့သို့ လုပ်ငန်း ဆောင်ရွက်မှု များအား သွားရောက်လေ့လာခဲ့ပါသည်။

