ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ကြည့်ရှုစစ်ဆေးခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် မြေကွက်အမှတ် ၄၉၊ စိမ်းလဲမေလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံး နှင့် One Stop Service ရုံး တို့သို့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ တွင် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လမ်းညွှန် မှာကြားခဲ့ပါသည်။