
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော CMP စနစ်ဖြင့် နိုင်ငံတကာ အဆင့်မှီ စက္ကူပန်း၊ စက္ကူကြိုးဖြင့် စာအိတ်အလှဆင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် မြေကွက်အမှတ် (၈၀)၊ ရှမ်းစုကြီး ကွင်း၊ ရှမ်းစုကြီး ကျေးရွာအုပ်စု၊ တွံတေးမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ Shan Maw Myae Manufacturing Co Ltd သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ ပတ်၀န်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ်အစီရင်ခံစာ၊ ထုတ်လုပ်မှုအခြေအနေ၊ စီးပွားဖြစ် စတင်ဆောင်ရွက်ပြီးအခြေအနေ၊ အလုပ်သမားခန့်ထားမှု၊ ပတ်၀န်းကျင်စီမံခန့်ခွဲမှု အစီအစဉ်၊ ပုဂ္ဂလိကစက်မှု မှတ်ပုံတင်၊ လုံခြုံမှုအထောက်အထားလက်မှတ်နှင့် မတည်ငွေထည့်၀င်မှု အခြေအနေစသည် များကို ၂၀၁၇ ခုနှစ်၊ မေလ ၃၀ ရက်နေ့ တွင် သွားရောက်စစ်ဆေးပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။