
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် EU-ASEAN COMPASSတို့ ပူးပေါင်း၍ ဒုတိယအကြိမ်မြောက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ COMPASS ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ Esperado Lake View ဟိုတယ်၌ ကျင်းပရာ အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ EU COMPASS၊ OECD၊ IMF၊ ADB တို့မှ ကျွမ်းကျင်ပညာရှင်များနှင့် ASEANstat မှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များစုစုပေါင်း ၃၁ ဦး တက်ရောက်ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ Ms. Elizabeth Alarilla နှင့် EU-ASEAN COMPASS Program Expert Ms. Christine Spanneut တို့က အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ကျင်းပခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသူများက အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စုစည်းကောက်ယူထားသည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းအင်းအချက် အလက်များအား ဆန်းစစ်လေ့လာ ခြင်းနှင့် အဆိုပါအချက်အလက်များအား ကောက်ယူသူနှင့် အသုံးပြုသူများအကြား အဆင်ပြေချောမွေ့စေမည့် နည်းလမ်းများအားဆွေးနွေးကြပါသည်။

