
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန် ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် CMPစနစ် အသုံးပြု၍ အထည်ချုပ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ Hua Meng Myanmar Co., Ltd.သို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် သွားရောက်၍ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက် ထားမှု အခြေအနေများ အား စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။