
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့် လျှောက်ထားရာ၌ အလွယ်တကူဖတ်ရှုနိုင်ရန်အတွက် လမ်းညွှန်စာအုပ်အား ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ ၎င်းလမ်းညွှန်စာအုပ်အသစ်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ Website ဖြစ်သော http://www.dica.gov.mm ၌ Download ရယူနိုင်ပြီဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် စက်မှုကဏ္ဍများဖြစ်သော ဆောက်လုပ်ရေး၊ သတ္တုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း လုပ်ကိုင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်(MIC ခွင့်ပြုမိန့်) တစ်ခုလိုအပ်မည်ဖြစ်ပါသည်။ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများ မဆောင်ရွက်မီ အခွင့်အရေးများ (သို့မဟုတ်) အခွန်သက်သာခွင့်များ ခံစားနိုင်ရန် MIC ခွင့်ပြုမိန့်လျှောက်ထားရန်လိုအပ်ပါသည်။မြန်မာနိုင်ငံအစိုးရသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအား တိုးမြှင့်ရန်ရည်ရွယ်ပါသဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွင် MIC ခွင့်ပြုမိန့်ရရှိရေး လမ်းညွှန်ချက်အား ရှင်းလင်းလွယ်ကူစွာ လိုက်နာဖို့ရန်သည် အရေးကြီးပါသည်။ ယခုလမ်းညွှန်စာအုပ်အသစ်သည် အလား အလာရှိသော ရင်းနှီးမြှုပ်နှံသူများအား ကုန်ထုတ်လုပ်မှုကဏ္ဍတွင် MIC ခွင့်ပြုမိန့်ရယူရာ၌ ရှင်းလင်းသော လမ်းညွှန်ချက်များ၊ အသုံးဝင်သောပုံစံများ၊ မေးလေ့မေးထရှိသော မေးခွန်းများနှင့် အကြံပြုချက်များကိုပေးပါသည်။
ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ဂျာမနီအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(GIZ)၏ နည်းပညာအကူအညီရယူ၍ ယခုလမ်းညွှန်စာအုပ် အသစ်အား ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနသည် ယခုလမ်းညွှန်စာအုပ်အပြင် DICA ၏ Website အသစ်နှင့် အခြားပုံနှိပ်ထုတ်ဝေခြင်းများဖြင့် ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါသည်။
ယခုလမ်းညွှန်စာအုပ်သည် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ပြဌာန်းသည့်အချိန်၌ Update ပြုလုပ်မည်ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာ လမ်းညွှန်စာအုပ်နှင့် မြန်မာဘာသာ လမ်းညွှန်စာအုပ်အား ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ Website ဖြစ်သော http://www.dica.gov.mm ၌ Download ရယူနိုင်ပြီ ဖြစ်ပါသည်။
အင်္ဂလိပ်ဘာသာ လမ်းညွှန်စာအုပ် ရယူရန် Download
မြန်မာဘာသာ လမ်းညွှန်စာအုပ် ရယူရန် Download