
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသဘောတရားများနှင့် Survey Form ဖြည့်နည်း တို့ကို နားလည်သဘောပေါက်စေရန်အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့၏ နည်းပညာအထောက်အပံ့ဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၌ စတင် ကျင်းပခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် က အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ရက်နေ့မှ ၄ ရက်နေ့အထိ (၃)ရက် ကြာ ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲ ပထမနေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက် နေသည့် ကုမ္ပဏီမှ အထွေထွေမန်နေဂျာများ၊ Financial Controller များ၊ Chief Accountants များနှင့် Accountants များ ပါဝင်သည့် ကိုယ်စားလှယ် (၄၁)ဦး တက်ရောက် ခဲ့ကြပါသည်။ ယခုနှစ် Survey တွင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအားလုံး ပါဝင်ခဲ့ပြီး အထွေထွေ ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းများ၊ နိုင်ငံခြားဘဏ်များ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍ နှင့် လျှပ်စစ်ကဏ္ဍတို့ ပါဝင်ပါသည်။
