LUCKY FORTUNE COMPANY LIMITED သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် နော်ပန်းသဉ္ဇာမျိုး နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် အဝတ်အထည်နှင့် စက်ရုံသုံးလက်အိတ် ချုပ်လုပ် ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်းရှိ Lucky Fortune  Company Limited  သို့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ရက်နေ့တွင် သွားရောက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။