MYANMAR GLOBAL INVESTMENT FORUM IN NAY PYI TAW, MYANMAR

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဟောင်ကောင်အခြေစိုက် Euromoney Institutional Investor (Asia) တို့ ပူးပေါင်း၍ Myanmar Global Investment Forum ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် နေ့ မှ ၁၄ ရက်နေ့ထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (Myanmar International Convention Center –MICC 2) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အကြီးတန်း အရာရှိများ၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ Euromoney Institutional Investor(Asia) မှ Chief Executive Officer, Mr. Tony Shale ခေါင်းဆောင်သော ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ စုစုပေါင်း (၁၂၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။

          ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးကျော်ဝင်းနှင့် Euromoney Institutional Investor (Asia) မှ Chief Executive Officer, Mr. Tony Shale တို့မှ အဖွင့်အမှာစကားပြောကြားကြပါသည်။ထို့နောက်အစီအစဉ်အရစီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေများ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပေါင်းစပ်မှုအခြေအနေများ၊ အခြေခံဆောက်အဦများနှင့် စက်မှုကဏ္ဍ ဖွံဖြိုးတိုးတက်မှုအခြေအနေများစသည့် ခေါင်းစဉ်များဖြင့် ပညာရှင်များနှင့် တာဝန်ရှိသူများမှ ဆွေးနွေးကြပါသည်။

          ဒုတိယနေ့အစီအစဉ်များကို ၂၀၁၆ခုနှစ် စက်တင်ဘာလ ၁၄ရက် နေ့တွင်လည်း ဆက်လက်ဆွေးနွေးခဲ့ ဖြစ်ကြောင်းသတင်းရရှိပါသည်။