
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

World Bank Group မှ Senior Country Economist ဖြစ်သူ Mr. Habib Rab နှင့် ကိုယ်စားလှယ်တစ်ဦးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် ဘာသာရပ်ဆိုင်ရာ အရာထမ်းတို့အား ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၁၂) ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှင့် ကဏ္ဍအလိုက်နှင့် နိုင်ငံအလိုက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမှန်စာရင်းများ ရရှိနိုင်မှု နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။