မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းအား HONG KONG MYANMAR MANUFACTURERS’ ASSOCIATION LIMITED (HKMMA) မှ လာရောက်တွေ့ဆုံခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းအား ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေစိုက် Hong Kong Myanmar Manufacturers’ Association Limited (HKMMA)၏ ဥက္ကဋ္ဌ Mr. Ricky So Sui Wing  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၉-၉-၂၀၁၆) ရက်နေ့  နံနက်ပိုင်းတွင်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့သို့ လာရောက် ဂါရဝပြုတွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ပါသည်။