
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ချင်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်နှင့် ဒေသထွက်ကုန်များအား မြှင့်တင်ရန်ရည်ရွယ်၍ ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၁၆ရက်နှင့် ၁၇ ရက်နေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါပြပွဲနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် အရာထမ်းများ၊ DaNa Facility နှင့် VDB Loi Co; Ltd မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။