
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့်ဌာနများ အကြား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် နေပြည်တော်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေး မြို့နယ်၊ ပျံချီကျေးရွာအုပ်စုရှိ Golden Sunland Co., Ltd. ၏ ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ခြင်း လုပ်ငန်း နေရာသို့ သွားရောက်၍ မြေပြင်ကွင်းဆင်း ဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါသည်။