
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ချင်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု နှင့် ဒေသထွက်ကုန်များအား မြှင့်တင်ရန် အတွက် ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ Myanmar Convention Centre ၌ ကျင်းပ ပြုလုပ်မည့် Chin State Investment and Product Fair ကို တက်ရောက်နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကို မတ်လ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ဒေသ ထွက်ကုန်ပြပွဲကို မတ်လ ၁၆ နှင့် ၁၇ ရက်နေ့ (၂) ရက်တိုင်တိုင် ကျင်းပမည် ဖြစ်ပါသည်။ ရင်းနှီး မြှုပ်နှံမှုဆွေးနွေးပွဲသို့ တက်ရောက်မည့်သူများ အနေဖြင့် https://www.chinstatefair2019.com/ မှတဆင့် ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေး ကြေညာ အပ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကို လူဦးရေ (၅၀၀) အတွက်သာ ကန့်သတ်ထားပါသဖြင့် အမြန် စာရင်းပေးသွင်းကြပါရန် တိုက်တွန်းအပ်ပါသည်။