
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဂျပန်နိုင်ငံရှိ စီးပွားရေးဆိုင်ရာ သတင်းမီဒီယာများနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲအား ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိTokyo Prince Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီးရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်တို့က ခရီးစဉ်အတွင်း တိုကျိုနှင့် ဖူကူအိုကာမြို့များတွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ပြုလုပ်ရသည့် ရည်ရွယ်ချက်၊ မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုနှင့် အနာဂတ်အလားအလာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ဂျပန်နိုင်ငံရှိစီးပွားရေးဆိုင်ရာ သတင်းမီဒီယာများ(၉)ခုမှသတင်းထောက်(၁၀)ဦးတက်ရောက်ခဲ့ပြီးသတင်း မှတ်တမ်းရယူခဲ့ကြပါသည်။
