
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ဦးဆောင်၍ နိုင်ငံခြားနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးဆောင် ကုမ္ပဏီ များ ပါဝင်သည့် အဖွဲ့သည် နှစ်ဦး လှူဒါန်းပွဲအား ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်နေ့ နံနက် ၀၉:၀၀ နာရီ၌ ကုသရေး ဦးစီး ဌာန၊ စိတ်ကျန်းမာရေးဆေးရုံကြီး၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ ပါသည်။
လှူဒါန်းပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ဦးဆောင်၍ နိုင်ငံခြားနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးဆောင် ကုမ္ပဏီများ၊ စိတ်ကျန်းမာရေး ဆေးရုံကြီး မှ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ ဆရာမများ၊ ဝန်ထမ်းများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက် ခဲ့ကြပါသည်။
လှူဒါန်းပွဲတွင် နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးဆောင် ကုမ္ပဏီများမှ စိတ်ကျန်းမာရေး ဆေးရုံကြီး၌ လိုအပ်လျက်ရှိသည့် လူနာ ကုတင် (၁၃၆) လုံးအတွက် အလှူငွေ စုစုပေါင်း ကျပ် ၂၀.၄၀၀,၀၀၀ အား စိတ်ကျန်းမာရေး ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီးသို့ ပေးအပ် လှူဒါန်း ခဲ့ကြပါသည်။
