
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၁။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ Myanmar Companies Online (MyCO) တွင် ကုမ္ပဏီများမှတ်ပုံတင်ခြင်းနှင့် တည်ဆဲကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရန် ဖြစ်ပါသည်-
အဆင့်(၁) အင်တာနက်စာမျက်နှာ www.myco.dica.gov.mm သို့ ဝင်ရောက်ပါ။(၁-၈-၂၀၁၈ ရက်နေ့ နံနက် ၀၉၀၀ နာရီတွင်စတင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။)
အဆင့်(၂) အီလက်ထရောနစ် မှတ်ပုံတင်စနစ်တွင် အသုံးပြုသူသည် MyCO ID ဖွင့်ရန် လိုအပ်သဖြင့် ၄င်းစာမျက်နှာတွင် အသုံးပြုသူ၏ သတင်းအချက်အလက်များ ဖြည့်သွင်းပါ။
အဆင့်(၃) အီလက်ထရောနစ် မှတ်ပုံတင်စနစ်သို့ ဝင်ရောက်ရန် MyCO ID ဖြင့် LOGIN လုပ်ပါ။
အဆင့်(၄) ကုမ္ပဏီအသစ် တစ်ခုမှတ်ပုံတင်ရန် ကုမ္ပဏီအမျိုးအစားပေါ်မူတည်၍ သတ်မှတ် ပုံစံရွေးချယ်ပါ။ ပြန်လည်မှတ်ပုံတင်လိုသော ကုမ္ပဏီတစ်ခုအတွက် ကုမ္ပဏီအမည် ကိုရွေးချယ်ပါ။ ကုမ္ပဏီနှင့်သက်ဆိုင်သော သတင်းအချက်အလက်များ ဖြည့်သွင်း၍ ပေးပို့ပါ။
အဆင့်(၅) ကုမ္ပဏီအသစ်တစ်ခု မှတ်ပုံတင်ပြီးကြောင်း သို့မဟုတ် ပြန်လည်မှတ်ပုံတင်ပြီးကြောင်း သင်၏ အီးမေးလ်သို့ ပြန်ကြားစာပေးပို့ပါမည်။ အင်တာနက် မူလစာမျက်နှာတွင် ရှိသောကုမ္ပဏီများရှာဖွေရန်နေရာတွင် ကုမ္ပဏီအမည် သို့မဟုတ် ကုမ္ပဏီမှတ်ပုံတင် အမှတ်ဖြင့် စစ်ဆေးနိုင်ပါသည်။
၂။ ကုမ္ပဏီများဆိုင်ရာကိစ္စများအတွက် www.dica.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန