
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

EU-ASEAN COMPASS Program နည်းပညာအကူညီပေးရေး စီမံချက်အရ EU-ASEAN COMPASS Program မှ ITD Expert Mr Philippe Corman သည် စီမံကိန်းနှင့် စာရင်းအင်း ဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းနှင့် စီမံကိန်းနှင့် စာရင်းအင်း ဌာနခွဲမှ တာဝန်ရှိသူများနှင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ရည်ရွယ်ချက်မှာ ၂၀၁၇ ခုနှစ် အတွင်း ကောက်ယူခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စာရင်းများအား အသုံးချနိုင်ရန်နှင့် အာဆီယံ စာရင်းရုံးသို့ ပေးပို့မည့်စာရင်းများအား ထည့်သွင်းနိုင်ရေး စာရင်းအင်း ဝန်ထမ်းများအား လေ့ကျင့်ပေးရန်ဖြစ်ပါသည်။
