
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းသည် ရှမ်းပြည်နယ်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းလျှံတစ်ပ်လုံ နှင့် တာဝန်ရှိသူ များလိုက်ပါလျက် ၂၀၁၈ ခုနှစ် ဖော်ဖော်ဝါရီလ ၂၄ ရက်နေ့ ၁၂း ၃၀ အချိန်တွင် တောင်ကြီးမြို့နယ်၊ အေးသာယာစက်မှုဇုန်သို့ရောက်ရှိပြီး စက်မှုဇုန်ခန်းမ၌ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင် များအား တွေ့ဆုံ၍ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေဆိုင်ရာ ကိစ္စရပ်များ၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူ အဆင်ပြေစေရန် ဆောင်ရွက် ပေးနေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် လုပ်ငန်းရှင်များမှ တင်ပြသည့် ချေးငွေ ဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းရိုးမ မွေးမြူရေးဇုန်သို့ ဆက်လက်သွားရောက်ခဲ့ပြီး ကြက်မွေးမြူရေး၊ဝက်မွေးမြူရေးနှင့် ကျွဲ၊ နွား မွေးမြူရေးအစုအဖွဲ့အလိုက် လုပ်ငန်းရှင်များအား တွေ့ဆုံ ၍ မွေးမြူရေးလုပ်ငန်းများတိုးမြှင့်မွေးမြူထုတ်လုပ်ရေးနှင့် ပြည်တွင်းဈေးကွက် အတွက်သာမက ပြည်ပ အထိ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ တင်ပို့ရောင်းချနိုင်ရေးကိစ္စများအား ဆွေးနွေးမှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။