
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် “အာရှ-ပစိဖိတ်ဒေသအတွင်း အကျိုးသက်ရောက်မှုရှိသည့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦး တက်ရောက်လျက်ရှိပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား အကျိုးသက်ရောက်မှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အာရှ-ပစိဖိတ်ဒေသအတွင်း သြဇာတိက္ကမ ကြီးမားသော ခေါင်းဆောင် လူမှုအသိုက် အဝန်းတစ်ခုတည်ထောင်ဖွဲ့စည်းရန်နှင့် အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အထောက်အပံ့ ဖြစ်စေနိုင်သည့် ဝန်းကျင်တစ်ခု တည်ဆောက်ရန် ရည်ရွယ်၍ Global Steering Group for Impact Investment (GSG), United Nations Economic and Social Commission for Asia and the Pacific (UNESCAP) နှင့် British Council in Seoul တို့မှ တာဝန်ယူ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။


