
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၁၈ ဇူလိုင် ၂၀၁၇
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန/မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့် ဦးဆောင်၍ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ် စုစုပေါင်း ၄ ဦး ပါဝင်သော အဖွဲ့သည် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ Sheraton Grande Sukhumvit Hotel ၌ ကျင်းပသည့် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု၏ စွန့်စားမှု ခွဲဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သူများသည် PPP လုပ်ငန်းစဉ်တစ်လျှောက် တွေ့ကြုံရမည့် အခက်အခဲများကို အစိုးရနှင့် ပုဂ္ဂလိကကြားခွဲဝေယူခြင်းနှင့် Global Infrastructure Hub ၏ PPP Risk Allocation Tool အသုံးပြုခြင်းကိုပါ သိရှိစေမည်ဖြစ်သည်။
