
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၆/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အတည်ပြုချက်များ အပေါ် ဆွေးနွေးစိစစ်မှု ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ကော်မတီအဖွဲ့ဝင်များ၊ ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဝင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဇော် နှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်သူ တို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသော အတည်ပြုမိန့်လျှောက်ထားလွှာ များပေါ် သုံးသပ်ခဲ့ကြပြီး တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၃)ခု အား အတည်ပြုမိန့် ထုတ်ပေး ရန် ဆုံးဖြတ်ခဲ့ကြပါသည်။
