
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဇူလိုင်လ ၉ ရက်နေ့မှ ၁၆ ရက်နေ့ထိကျင်းပပြုလုပ်မည့် ဒေသဆိုင်ရာ စက်မှုကဏ္ဍမြှင့်တင်နိုင်ရေးနှင့် စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံကိန်း ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၇ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့နံနက်ပိုင်းတွင် ဂျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတွင် SME နှင့် MSMEs မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းစည်းဝေးခဲ့ကြပါသည်။
နေ့လည်ပိုင်းတွင် Chiba Bank မှ Myanmar Regional Investment Seminar ကျင်းပပြုလုပ် ခဲ့ရာမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအေးဇံ၊ မကွေးတိုင်းဒေသကြီးစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးဇော်မင်းနှင့် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဦးဝင်းဌေးတို့မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအားရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

