
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ၏ (၁၁) လမြောက် ပွဲတော်ဖြစ်သည့် တပို့တွဲလတွင် ထမနဲပွဲ ဆင်နွှဲ ရန်နှင့် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး အထောက် အကူပြုရန် ရည်ရွယ်၍ ရိုးရာ ထမနဲပွဲ ယှဉ်ပြိုင်မှု အခမ်းအနားကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ ဝန်ထမ်းများက အသင်း(၆)သင်း စုဖွဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက် အားပေးခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် တွဲဖက်အတွင်း ရေးမှူး၊ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ ဆုရရှိသည့် အသင်းများအား ဆုများပေးအပ် ခဲ့ပါသည်။




