
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်း မိသားစုများ၏ စတုတ္ထအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်း မြို့နယ်၊ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မင်္ဂလာဒုံမြို့နယ်၊ သုခိတာရာမ(ယဉ်ငေး) ကျောင်းတိုက်မှ ဆရာတော် သံဃာတော် များ ကြွရောက်ချီးမြှင့်တော်မူကြပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် တွဲဖက်အတွင်းရေးမှူး၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက် ကြည်ညိုခဲ့ကြပါသည်။
ထို့နောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပရာ သုခိတာရာမ (ယဉ်ငေး) ကျောင်း ပရိယတ္တိ-ပဋိပတ္တိ၊ ယဉ်ကျေးလိမ္မာသာသနာပြုဆရာတော် ဦးက္ကုန္ဒကထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာကြားကြပါသည်။
ယင်းနောက် တွဲဖက်အတွင်းရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် များ နှင့် ညွှန်ကြားရေးမှူးများမှ ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္တု ပစ္စည်းများ ဆက်ကပ် လှူဒါန်း တရားနာယူကြပြီးနောက် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ ကြပါသည်။
အခမ်းအနားအပြီးတွင် တွဲဖက်အတွင်းရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူး များ နှင့် ဝန်ထမ်းများမှ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။



