
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် အမေရိကန်နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဌာနတို့၏ ပံ့ပိုးကူညီမှုဖြင့် Corporate Governance အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံအမတ်ကြီး Mr Scot Marciel နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား corporate governance နှင့်စပ်လျဉ်း၍ အသိပညာ များ တိုးပွားစေရန်၊ ကမ္ဘာ့နိုင်ငံများ၏ ကောင်းမွန်သော အလေ့အထများကို သိရှိစေရန် နှင့် မြန်မာနိုင်ငံ၏ ကော်ပိုရိတ်စည်းမျဉ်းများ ပြုပြင်ပြောင်းလဲမှုဆိုင်ရာလုပ်ငန်းစဉ်တွင် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ် ကြီးကြပ်ရေး ကော်မရှင်မှ အရာထမ်းများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံရုံးနှင့် အမေရိကန်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ကိုယ်စားလှယ် များ စုစုပေါင်း (၇၀) ဦး တက်ရောက် ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲအား ဇူလိုင်လ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။


