မြန်မာကိုယ်စားလှယ်အဖွဲ့ BANK OF CHINA သို့ သွားရောက်လေ့လာခြင်း

Print Friendly, PDF & Email

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်း တည်ထောင်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေး သို့ တက်ရောက်ရန်ရောက်ရှိနေသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးကျော်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် Bank of China သို့ သွားရောက်လည်ပတ်ခဲ့ပြီး တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။