
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်း၍ Mid-year Wrap-up Meeting for Infrastructure PPP Task Force in Myanmar FY 2016/17 ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ Taskforce အဖွဲ့ဝင် (၁၁) ဦး၊ JICA Myanmar Office မှ ကိုယ်စားလှယ် (၅) ဦးနှင့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်း (၃) ဦး စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ ကြပါသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန့်စင်လွင်က အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ Taskforce အဖွဲ့ဝင် (၂) ဦးက မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ မူဝါဒပိုင်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက် ၍ JICA Myanmar Office မှ Deputy Chief Representative ဖြစ်သူ Mr. Kyosute INADA က ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက်လာသူများက ရှေ့ဆက်လက်ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကာ အစည်းအဝေးကို နံနက် ၁၁:၄၅ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

