
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာ-ဂျပန် ကနဦးပူးပေါင်းဆောင်ရွက်မှုအပိုင်း(၂)အရ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆိုင်ရာလုပ်ငန်းအဖွဲ့၏ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (မူကြမ်း) ဆိုင်ရာ ဆွေးနွေးပွဲအား ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း (မြန်မာ)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ဂျပန်ပြည်ပကုန်သွယ်မှု အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှအရာထမ်းများအပါအဝင် စုစုပေါင်း (၄၀) ဦး ခန့် တက်ရောက် ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ဂျပန်သံရုံးမှ သံမှူးကြီး Mr. MARUYAMA, EoJ တို့မှအဖွင့် အမှာစကားအသီးသီးပြောကြားခဲ့ပြီး မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Corporate Law ဆိုင်ရာ ကျွမ်းကျင်သူ Ms. Melinda Tun က အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး ဆွေးနွေးပွဲအား နေ့လည်(၁၆:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။


