
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်စား စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းသည် အပြည် ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏ IMF Statistics Department ၏ စာရင်းအင်းပညာရှင်ဖြစ်သူ Mr. Amila Wijayawardhana နှင့် ဦးစီးဌာန(ရုံးချုပ်) ၌ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် FDI Pilot Survey ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အသေးစိတ်ကို ဆွေးနွေး ခဲ့ပါသည်။