
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကရင်ပြည်နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁ရခုနှစ် ဖေဖော်ဝါရီလ ( ၂၄ ) ရက်နေ့ နံနက်ပိုင်းတွင် ကရင် ပြည်နယ် ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။
စီးပွားရေး လုပ်ငန်းရှင်များမှ ဆွေးနွေးမေးမြန်းကြရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း နှင့် ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြပါ သည်။ ထို့နောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ပါ ကိစ္စရပ်များနှင် အသစ်ရေးဆွဲပြဌာန်းရန် ဆောင်ရွက်လျက်ရှိ သည့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ပြည်နယ်ဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ၊ ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၁၀၀)ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။




