
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မွန်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပါ ကိစ္စရပ်များ၊ ကင်းလွတ်ခွင့် သက်သာခွင့်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်းရေးဆွဲရေးဌာန ညွှန်ကြားရေးမှူးချုပ်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က မိမိတို့ ဌာနများနှင့် သက်ဆိုင်သော လုပ်ငန်းဆောင်ရွက်မှုများကို စီးပွားရေးလုပ်ငန်းရှင်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားကို နံနက် ၁၁:၄၅ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၁၁၀) ဦးခန့် တက်ရောက် ခဲ့ပါသည်။
